Sunday, September 25, 2022
spot_img
HomeVideoကော်တင်ညိုရဲ့ Epic video ကိုရှဲပြီး ဗီလာမှာ အောင်မြင်ဖို့ ပရိသတ်တွေ ဝိုင်းဆုတောင်း

ကော်တင်ညိုရဲ့ Epic video ကိုရှဲပြီး ဗီလာမှာ အောင်မြင်ဖို့ ပရိသတ်တွေ ဝိုင်းဆုတောင်း

သင်ဟာ လစ်ဗာပူးလ်ဖန်ဖြစ်ခဲ့ရင်တောင် ကော်တင်ညို ဘယ်လိုကစားသမားမျိုးလဲ? မေ့နေလောက်ပါပြီ။
တခါတလေတော့လည်း ဘဝကဆန်းကြယ်ပါတယ်။ ‘မျှော်တာ မဖြစ် မမျှော်တာဖြစ်ပြီး’ ဘဝမှာ လေလွင့်ပျောက်ဆုံးသွားတဲ့ အချိန်တွေရှိတတ်ပါတယ်။ အမြင့်ဆုံးရောက်ခါနီးပြီလို့ ခံစားမိပြီးမှ မျှော်တာတွေ မဖြစ်ရင်ပိုဆိုးပါတယ်။

ကော်တင်ညိုက အဲ့လိုဖြစ်ပျက်ခဲ့တာပါ။
လစ်ဗာပူးလ်ကို ပြောင်းလာတော့ အသက်က ၂၁။ ပေါင် ၈.၆ သန်းပဲပေးရတယ်။ တခြား ဘရာဇဲလ်ပလေယာတွေနဲ့ယှဥ်ရင် သူက လုံးဝ Underrated။ လစ်ဗာပူးလ်မှာ ၆ ရာသီကြာတယ်။ ပွဲပေါင်း ၂၀၁ ပွဲမှာ ၅၄ ဂိုးသွင်းတယ်။ ၂၆ ကြိမ် Assist လုပ်ပေးနိုင်ခဲ့တယ်။ ပါရမီ ကြိုးစားမှုနဲ့ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်ခဲ့မှုတွေကြောင့် World Class ပလေယာအဖြစ်နဲ့ သူ့နာမည်တလုံးကို တည်ဆောက်နိုင်ခဲ့တယ်။

၂၀၁၈ ဇန်နဝါရီမှာ ဘာစီပြောင်းတယ်။ သူ့အပြောင်းအရွှေ့အတွက် ဘာစီလိုနာဟာ ပေါင် ၁၀၅ သန်းသုံးခဲ့ရတယ်။ အဲ့ထဲမှာ မျိုးကွဲစာပုဒ်တွေနဲ့ ၁၄၆ သန်းထိတိုးမြှင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ပါခဲ့တယ်။ လစ်ဗာပူးလ်ဟာ ကော်တင်ညိုကြောင့် အကြီးအကျယ်အမြတ်ထွက်ခဲ့တယ်။ အသင်းမှာရှိစဥ် လက်ဖျားခါလောက်တဲ့ ခြေစွမ်းနဲ့ အသင်းရလဒ်ကောင်းအောင် ကူညီပေးခဲ့တယ်။ ပြောင်းတော့လည်း သူ့ကြောင့်အသင်းဟာ ပေါင်သန်းရာကျော် အမြတ်ထွက်ခဲ့တယ်။ ဒီကနေ့ အောင်မြင်မှုရနေတဲ့ လစ်ဗာပူးလ်အသင်းအထိုင်ဟာ ကော်တင်ညိုကိုရောင်းလို့ရတဲ့ ငွေကြေးနဲ့ တစိတ်တပိုင်းတည်ဆောက်ထားတာလို့ ပြောလို့ရတယ်။ (ကော်တင်ညိုကိုရောင်းလို့ရတဲ့ငွေနဲ့ လစ်ဗာပူးလ်ဟာ ဗန်ဒိုက်နဲ့ အဲလစ်ဆန်တို့ ၂ ယောက်ကိုပြန်ဝယ်နိုင်ခဲ့တယ်။)

လစ်ဗာပူးလ်က အောင်မြင်ခဲ့ပေမယ့်.. ပိုကြီးတဲ့ အိပ်မက် Big Dream နဲ့ပြောင်းခဲ့တဲ့ ကော်တင်ညိုက..? ဘာကာမှာ ၂ ရာသီလောက်ပဲ ကစားလိုက်ရတယ်။ အသင်းနဲ့ အံ့မဝင်တဲ့အပြင် သူ့ခြေစွမ်းလည်းနိမ့်သွားတော့ ဘိုင်ယန်ကို တရာသီအငှားနဲ့သွားကစားပြီး သူ့ပလေယာဘဝက လှုပ်ခါ ‘ယမ်း’ သွားခဲ့ရတယ်။ ဘာကာမှာ သူ့အဖြစ်က ထင်ထားတာထက်ပိုဆိုးခဲ့တယ်။ သူ့ရဲ့မြင့်မားလှတဲ့ လစာကြေးနဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် ဘာကာမှာလည်း နေရာမရ၊ အသင်းပြောင်းမယ်ဆိုတော့လည်း ခေါ်နိုင်တဲ့ အသင်းကမရှိနဲ့ ထွက်ပေါက်မရှိတဲ့ ဝင်္ကဘာထဲ ပိတ်မိနေသလိုဖြစ်ခဲ့ရတယ်။

ခုလည်း ဗီလာကို အငှားနဲ့ပြောင်းလာရပြန်ပါပြီ။ ဗီလာမှာ ကစားဖော်ဟောင်း စီနီယာ ဂျရတ်လည်းရှိသလို သူ့အောင်မြေ ပရီးမီးယားလည်းဖြစ်တာမို့ အထိုင်ကျတဲ့ ပလေယာဘဝတခုတည်ဆောက်နိုင်ဖို့ သူ့ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။ တွစ်တာမှာ သီယာဂိုဆိုတဲ့အကောင့်ပိုင်ရှင်တယောက်က သူ့လစ်ဗာပူးလ်မှာရှိစဥ် World Class အဆင့်နဲ့ ခြေစွမ်းပြခဲ့တဲ့ Epic video လေးတခုတင်ပါတယ်။ အချိန် ၂ မိနစ်ကျော်ကြာတဲ့ အဲ့ဗီဒီယိုဖိုင်ဟာ Retweet ပေါင်း ၂ ထောင်ကျော် Like ‌ေပါင်း ၈ ထောင်ကျော်နဲ့ ကြည့်ရှုသူ အလွန်များခဲ့ပါတယ်။ အဲ့ဗီဒီယိုထဲမှာ ကော်တင်ညိုရဲ့ ဘောလုံးအထိမ်းအသိမ်း အတို့အဆိတ် ခြေနှုတ်ခြေသိမ်း အလိမ်အခေါက်နဲ့ လှုပ်ရှားထိုးဖောက်မှုတွေဟာ တကယ့်ကို အံ့မခန်းမို့ ပရိသတ်တွေ လွမ်းဆွတ်သွားပုံပါပဲ။

အဲ့ဗီဒီယိုဖိုင်ကို တဆင့်ပြန်လည်မျှဝေခဲ့သူတဦးက “What a player! ကွင်းလယ်မှာ မြင့်မားတဲ့ဘောလုံးအမြင်နဲ့ ဒီလိုသက်သောင့်သက်သာ ကစားနိုင်တဲ့ ပလေယာမျိုးက အနည်းငယ်ပဲရှိတာပါ၊ ဖိလစ်ပီ..ဗီလာနဲ့အတူ ပြန်လာနိုင်ပါစေ ” လို့ရေးသားခဲ့ပါတယ်။

ဘောလုံးသမားကောင်းဆိုတာ ရှားပါတယ်။
World Class အဆင့်ဘောလုံးသမားက ပိုလို့ရှားပါတယ်။
‘ ဖိလစ်ပီကော်တင်ညို ဗီလာနဲ့အတူ တကယ်ကောင်းတဲ့နေ့ရက်တွေ ပြန်ရပါစေလို့ ဆုတောင်းပေးရင်း..’


Zawgyi

ေကာ္တင္ညိဳရဲ႕ Epic video ကိုရွဲၿပီး ဗီလာမွာ ေအာင္ျမင္ဖို႔ ပရိသတ္ေတြဆုေတာင္း

သင္ဟာ လစ္ဗာပူးလ္ဖန္ျဖစ္ခဲ့ရင္ေတာင္ ေကာ္တင္ညိဳ ဘယ္လိုကစားသမားမ်ိဳးလဲ? ေမ့ေနေလာက္ပါၿပီ။
တခါတေလေတာ့လည္း ဘဝကဆန္းၾကယ္ပါတယ္။ ‘ေမွ်ာ္တာ မျဖစ္ မေမွ်ာ္တာျဖစ္ၿပီး’ ဘဝမွာ ေလလြင့္ေပ်ာက္ဆုံးသြားတဲ့ အခ်ိန္ေတြရွိတတ္ပါတယ္။ အျမင့္ဆုံးေရာက္ခါနီးၿပီလို႔ ခံစားမိၿပီးမွ ေမွ်ာ္တာေတြ မျဖစ္ရင္ပိုဆိုးပါတယ္။

ေကာ္တင္ညိဳက အဲ့လိုျဖစ္ပ်က္ခဲ့တာပါ။
လစ္ဗာပူးလ္ကို ေျပာင္းလာေတာ့ အသက္က ၂၁။ ေပါင္ ၈.၆ သန္းပဲေပးရတယ္။ တျခား ဘရာဇဲလ္ပေလယာေတြနဲ႔ယွဥ္ရင္ သူက လုံးဝ Underrated။ လစ္ဗာပူးလ္မွာ ၆ ရာသီၾကာတယ္။ ပြဲေပါင္း ၂၀၁ ပြဲမွာ ၅၄ ဂိုးသြင္းတယ္။ ၂၆ ႀကိမ္ Assist လုပ္ေပးႏိုင္ခဲ့တယ္။ ပါရမီ ႀကိဳးစားမႈနဲ႔ အသင္းနဲ႔ အံဝင္ခြင္က်ျဖစ္ခဲ့မႈေတြေၾကာင့္ World Class ပေလယာအျဖစ္နဲ႔ သူ႔နာမည္တလုံးကို တည္ေဆာက္ႏိုင္ခဲ့တယ္။

၂၀၁၈ ဇန္နဝါရီမွာ ဘာစီေျပာင္းတယ္။ သူ႔အေျပာင္းအေ႐ႊ႕အတြက္ ဘာစီလိုနာဟာ ေပါင္ ၁၀၅ သန္းသုံးခဲ့ရတယ္။ အဲ့ထဲမွာ မ်ိဳးကြဲစာပုဒ္ေတြနဲ႔ ၁၄၆ သန္းထိတိုးျမႇင့္ေပးရမယ္ဆိုတဲ့ သေဘာတူညီခ်က္ပါခဲ့တယ္။ လစ္ဗာပူးလ္ဟာ ေကာ္တင္ညိဳေၾကာင့္ အႀကီးအက်ယ္အျမတ္ထြက္ခဲ့တယ္။ အသင္းမွာရွိစဥ္ လက္ဖ်ားခါေလာက္တဲ့ ေျခစြမ္းနဲ႔ အသင္းရလဒ္ေကာင္းေအာင္ ကူညီေပးခဲ့တယ္။ ေျပာင္းေတာ့လည္း သူ႔ေၾကာင့္အသင္းဟာ ေပါင္သန္းရာေက်ာ္ အျမတ္ထြက္ခဲ့တယ္။ ဒီကေန႔ ေအာင္ျမင္မႈရေနတဲ့ လစ္ဗာပူးလ္အသင္းအထိုင္ဟာ ေကာ္တင္ညိဳကိုေရာင္းလို႔ရတဲ့ ေငြေၾကးနဲ႔ တစိတ္တပိုင္းတည္ေဆာက္ထားတာလို႔ ေျပာလို႔ရတယ္။ (ေကာ္တင္ညိဳကိုေရာင္းလို႔ရတဲ့ေငြနဲ႔ လစ္ဗာပူးလ္ဟာ ဗန္ဒိုက္နဲ႔ အဲလစ္ဆန္တို႔ ၂ ေယာက္ကိုျပန္ဝယ္ႏိုင္ခဲ့တယ္။)

လစ္ဗာပူးလ္က ေအာင္ျမင္ခဲ့ေပမယ့္.. ပိုႀကီးတဲ့ အိပ္မက္ Big Dream နဲ႔ေျပာင္းခဲ့တဲ့ ေကာ္တင္ညိဳက..? ဘာကာမွာ ၂ ရာသီေလာက္ပဲ ကစားလိုက္ရတယ္။ အသင္းနဲ႔ အံ့မဝင္တဲ့အျပင္ သူ႔ေျခစြမ္းလည္းနိမ့္သြားေတာ့ ဘိုင္ယန္ကို တရာသီအငွားနဲ႔သြားကစားၿပီး သူ႔ပေလယာဘဝက လႈပ္ခါ ‘ယမ္း’ သြားခဲ့ရတယ္။ ဘာကာမွာ သူ႔အျဖစ္က ထင္ထားတာထက္ပိုဆိုးခဲ့တယ္။ သူ႔ရဲ႕ျမင့္မားလွတဲ့ လစာေၾကးနဲ႔ ေျပာင္းေ႐ႊ႕ေၾကးေတြေၾကာင့္ ဘာကာမွာလည္း ေနရာမရ၊ အသင္းေျပာင္းမယ္ဆိုေတာ့လည္း ေခၚႏိုင္တဲ့ အသင္းကမရွိနဲ႔ ထြက္ေပါက္မရွိတဲ့ ဝကၤဘာထဲ ပိတ္မိေနသလိုျဖစ္ခဲ့ရတယ္။

ခုလည္း ဗီလာကို အငွားနဲ႔ေျပာင္းလာရျပန္ပါၿပီ။ ဗီလာမွာ ကစားေဖာ္ေဟာင္း စီနီယာ ဂ်ရတ္လည္းရွိသလို သူ႔ေအာင္ေျမ ပရီးမီးယားလည္းျဖစ္တာမို႔ အထိုင္က်တဲ့ ပေလယာဘဝတခုတည္ေဆာက္ႏိုင္ဖို႔ သူ႔ပရိသတ္ေတြက ဆုေတာင္းေပးေနၾကပါတယ္။ တြစ္တာမွာ သီယာဂိုဆိုတဲ့အေကာင့္ပိုင္ရွင္တေယာက္က သူ႔လစ္ဗာပူးလ္မွာရွိစဥ္ World Class အဆင့္နဲ႔ ေျခစြမ္းျပခဲ့တဲ့ Epic video ေလးတခုတင္ပါတယ္။ အခ်ိန္ ၂ မိနစ္ေက်ာ္ၾကာတဲ့ အဲ့ဗီဒီယိုဖိုင္ဟာ Retweet ေပါင္း ၂ ေထာင္ေက်ာ္ Like ‌ေပါင္း ၈ ေထာင္ေက်ာ္နဲ႔ ၾကည့္ရႈသူ အလြန္မ်ားခဲ့ပါတယ္။ အဲ့ဗီဒီယိုထဲမွာ ေကာ္တင္ညိဳရဲ႕ ေဘာလုံးအထိမ္းအသိမ္း အတို႔အဆိတ္ ေျခႏႈတ္ေျခသိမ္း အလိမ္အေခါက္နဲ႔ လႈပ္ရွားထိုးေဖာက္မႈေတြဟာ တကယ့္ကို အံ့မခန္းမို႔ ပရိသတ္ေတြ လြမ္းဆြတ္သြားပုံပါပဲ။

အဲ့ဗီဒီယိုဖိုင္ကို တဆင့္ျပန္လည္မွ်ေဝခဲ့သူတဦးက “What a player! ကြင္းလယ္မွာ ျမင့္မားတဲ့ေဘာလုံးအျမင္နဲ႔ ဒီလိုသက္ေသာင့္သက္သာ ကစားႏိုင္တဲ့ ပေလယာမ်ိဳးက အနည္းငယ္ပဲရွိတာပါ၊ ဖိလစ္ပီ..ဗီလာနဲ႔အတူ ျပန္လာႏိုင္ပါေစ ” လို႔ေရးသားခဲ့ပါတယ္။

ေဘာလုံးသမားေကာင္းဆိုတာ ရွားပါတယ္။
World Class အဆင့္ေဘာလုံးသမားက ပိုလို႔ရွားပါတယ္။
‘ ဖိလစ္ပီေကာ္တင္ညိဳ ဗီလာနဲ႔အတူ တကယ္ေကာင္းတဲ့ေန႔ရက္ေတြ ျပန္ရပါေစလို႔ ဆုေတာင္းေပးရင္း..’

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Popular

Recent Comments