Sunday, September 25, 2022
spot_img
HomeVideoလူတွေကို ရူးသွပ်စေခဲ့တဲ့ ကိုက် ၄၀ အကွာက မဟန်ဂိုရဲ့ incredible ဂိုး

လူတွေကို ရူးသွပ်စေခဲ့တဲ့ ကိုက် ၄၀ အကွာက မဟန်ဂိုရဲ့ incredible ဂိုး

ဒီဂိုးက ပြိုင်ပွဲတလျှောက် အလှဆုံးနဲ့ အကောင်းဆုံးဂိုးပါ။
ပြောမယ်ဆိုရင် ဒီဂိုးက ခုထပ်ပိုပြီး ချီးကျူးဂုဏ်ပြုဖို့
ထိုက်တန်ပါတယ်။ ဒါပေမယ် အသင်းက ရှုံးသွားတဲ့အတွက်
ဂိုးအကြောင်းအားပါးတရပြောဖို့ အားလျော့သွားခဲ့ရတယ်။

မနေ့က အာဖရိကဖလားပွဲ ရှုံးထွက် ၁၆ အဆင့်ပွဲစဥ်အဖြစ်
မော်ရိုကိုနဲ့ မာလာဝီအသင်းတို့ကစားရတယ်။ ပွဲစပြီး ၇ မိနစ်မှာပဲ
မာလာဝီအသင်းဂိုးစရတယ်။ မာလာဝီတိုက်စစ်မှူး မဟန်ဂိုး သွင်းတာ။

ဂိုးက လုံးဝဂျွပ်တယ်။ Power kick ကို နည်းစနစ်ကျနသွားတဲ့ ဂိုးမျိုး။
ကိုက် ၄၀ အကွာကနေ လှမ်းကန်တာ။ ကွင်းလယ်စည်း အကျော်လေး။
ဘေးက ပြိုင်ဘက်နောက်ခံလူ ဟာကီမီလိုက်တားနေရင်းကြားက
လှမ်းကန်သွားတာ။ ကိုက် (၄၀) ဆိုတဲ့ အကွာအဝေးက
တော်တော်ဝေးပါတယ်။ ဘောလုံးကွင်းရဲ့ Pitch boundary အလျားက
ကိုက် ၁၀၀ ကနေ ၁၃၀ ကြားဆိုတော့။
ကွင်းအလျား ၃ ပုံ ၁ ပုံအကွာအဝေးကနေ လှမ်းကန်သွားခဲ့တာ။
ဘောလုံးက အားလည်းပါတယ်။ ဝေ့ဝိုက်ပြီးလည်းသွားတယ်။
အဆင့်မြင့် လှပတဲ့ဂိုးပဲ။

မီဒီယာတွေရော ဖန်တွေရော တညီတညွတ်တည်း ဒီဂိုးဟာ
ပြိုင်ပွဲတလျှောက် အကောင်းဆုံးဂိုးပါလို့ အသိမှတ်ပြုချီးကျူးခဲ့ကြတယ်။
ကြည့်လိုက်ကြပါဦး။

[မဟန်ဂိုဟာ လက်ရှိ တောင်အာဖရိက ကလပ်အသင်း အော်လန်ဒိုပိုင်းရိတ်စ်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူးပါ။]

Zawgyi

လူေတြကို ႐ူးသြပ္ေစခဲ့တဲ့ ကိုက္ ၄၀ အကြာက မဟန္ဂိုရဲ႕ incredible ဂိုး

ဒီဂိုးက ၿပိဳင္ပြဲတေလွ်ာက္ အလွဆုံးနဲ႔ အေကာင္းဆုံးဂိုးပါ။
ေျပာမယ္ဆိုရင္ ဒီဂိုးက ခုထပ္ပိုၿပီး ခ်ီးက်ဴးဂုဏ္ျပဳဖို႔
ထိုက္တန္ပါတယ္။ ဒါေပမယ္ အသင္းက ရႈံးသြားတဲ့အတြက္
ဂိုးအေၾကာင္းအားပါးတရေျပာဖို႔ အားေလ်ာ့သြားခဲ့ရတယ္။

မေန႔က အာဖရိကဖလားပြဲ ရႈံးထြက္ ၁၆ အဆင့္ပြဲစဥ္အျဖစ္
ေမာ္႐ိုကိုနဲ႔ မာလာဝီအသင္းတို႔ကစားရတယ္။ ပြဲစၿပီး ၇ မိနစ္မွာပဲ
မာလာဝီအသင္းဂိုးစရတယ္။ မာလာဝီတိုက္စစ္မႉး မဟန္ဂိုး သြင္းတာ။

ဂိုးက လုံးဝဂြၽပ္တယ္။ Power kick ကို နည္းစနစ္က်နသြားတဲ့ ဂိုးမ်ိဳး။
ကိုက္ ၄၀ အကြာကေန လွမ္းကန္တာ။ ကြင္းလယ္စည္း အေက်ာ္ေလး။
ေဘးက ၿပိဳင္ဘက္ေနာက္ခံလူ ဟာကီမီလိုက္တားေနရင္းၾကားက
လွမ္းကန္သြားတာ။ ကိုက္ (၄၀) ဆိုတဲ့ အကြာအေဝးက
ေတာ္ေတာ္ေဝးပါတယ္။ ေဘာလုံးကြင္းရဲ႕ Pitch boundary အလ်ားက
ကိုက္ ၁၀၀ ကေန ၁၃၀ ၾကားဆိုေတာ့။
ကြင္းအလ်ား ၃ ပုံ ၁ ပုံအကြာအေဝးကေန လွမ္းကန္သြားခဲ့တာ။
ေဘာလုံးက အားလည္းပါတယ္။ ေဝ့ဝိုက္ၿပီးလည္းသြားတယ္။
အဆင့္ျမင့္ လွပတဲ့ဂိုးပဲ။

မီဒီယာေတြေရာ ဖန္ေတြေရာ တညီတၫြတ္တည္း ဒီဂိုးဟာ
ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးဂိုးပါလို႔ အသိမွတ္ျပဳခ်ီးက်ဴးခဲ့ၾကတယ္။
ၾကည့္လိုက္ၾကပါဦး။

[မဟန္ဂိုဟာ လက္ရွိ ေတာင္အာဖရိက ကလပ္အသင္း ေအာ္လန္ဒိုပိုင္းရိတ္စ္အသင္းမွာ ကစားေနတဲ့ တိုက္စစ္မႉးပါ။]


RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Popular

Recent Comments