Monday, September 26, 2022
spot_img
HomeVideoပက်ထရစ်ဘာဂါရဲ့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်တော့မှမမေ့နိုင်တဲ့ The Most Underrated ဂိုး
ပက်ထရစ်ဘာဂါရဲ့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်တော့မှမမေ့နိုင်တဲ့ The Most Underrated ဂိုး
ပက်ထရစ်ဘာဂါ။
ပြေးလွှားကစားရင် ဆံနွယ်တွေ လေထဲတလွင့်လွင့် ကြည့်လို့ကောင်းတဲ့သူ။
ဘယ်ခြေသန်ကစားသမား။
ကြံ့ခိုင်တယ်။ နည်းစနစ်ရှိတယ်။
ဘယ်တောင်ပံတလျှောက်ကနေ အသင်းအတွက် စကေးလ်ကောင်းကောင်းနဲ့
ထောက်ပံ့ပေးနိုင်တဲ့သူ။
80 Born သမားတွေတော့ မီကြ သိကြမယ်။
ပါပူးလ်ဖန်ဖြစ်တယ်ဆိုရင်တော့ ကြိမ်းသေပေါက် ကြိုက်ကြဖူးမယ်။
၁၉၉၆ မှာလစ်ဗာပူးလ်ကို ရောက်တယ်။
ဘောလုံသမားကောင်းတွေကို ပေါ်လစ်တင်ပြီး ရောင်းချလေ့ရှိတဲ့
ဒေါ့မန်အသင်းကနေလာတာ။
ပါပူးလ်မှာ ၇ ရာသီနီးပါး ကစားသွားတယ်။
ပွဲပေါင်း ၂၀၀ နီးနီးမှာ ၃၅ ဂိုးသွင်းတယ်။
သူ့တင်မဟုတ်ဘူး။ ပရိသတ်တွေအတွက်ပါ
လွမ်းမောစရာ အတိတ်နေ့ရက်တွေပါပဲ။
ပါပူးလ်ကထွက်တော့ ပို့စ်မောက်ကိုရောက်တယ်။
ခုပြောမယ့် ဂိုးက ပို့စ်မောက်မှာ သွင်းတာ။
ပို့စ်မောက် – ချာလ်တန်ပွဲမှာ သူ့ဆီပေးတာကို
တချက်တော့ပြီး မြေမကျ Volley ဆွဲကန်တာ။
ချာလ်တန်ဂိုးသမားဆို အံ့အားသင့်တဲ့ မျက်နှာငယ်လေးနဲ့။
ဂိုးကို ကျောပေးရင်နဲ့ လှည့်ကန်တာ ဂိုးအပေါ်တိုင်ထောင့်
စွပ်ခနဲပဲ။ တော်တော်လေး အဆင့်မြင့် သေသပ်တဲ့ဂိုးပဲ။
ဒါပေမယ့် ဒီဂိုးက လူသိနည်းခဲ့တယ်။
ခု sportbible.com က အဲ့ဂိုးကို ပရီးမီးယားလိဂ်ရဲ့
The Most Underrated Goal လို့သတ်မှတ်ပြီး
ပက်ထရစ်ဘာဂါရဲ့ အကြောင်းတွေကို ပြန်တူးဆွခဲ့တယ်။
80 born တွေအတွက်တော့ အတိတ်နေ့ရက်တချို့ကို
ပြန်ဖမ်းဆုပ်ခြင်းပေါ့..
20 born တွေအတွက်တော့ အတိတ်ရဲ့ကောင်းမွန်မှုကို
ရှာဖွေတွေ့ခြင်းပေါ့။
ပက်ထရစ်ဘာဂါရဲ့ အကောင်းဆုံးဂိုး။
ကြည့်လိုက်ကြပါဦး
Zawgyi
ပက်ထရစ်ဘာဂါ။
ဘယ်ခြေသန်ကစားသမား။
ကြံ့ခိုင်တယ်။ နည်းစနစ်ရှိတယ်။
ဒေါ့မန်အသင်းကနေလာတာ။
သူ့တင်မဟုတ်ဘူး။ ပရိသတ်တွေအတွက်ပါ
ရှာဖွေတွေ့ခြင်းပေါ့။
ကြည့်လိုက်ကြပါဦး
RELATED ARTICLES
LEAVE A REPLY
Please enter your comment!
Please enter your name here
- Advertisment -spot_img
Most Popular
Recent Comments