Sunday, September 25, 2022
spot_img
HomeVideoတသင်းလုံးလန်းဆန်းတက်ကြွနေတဲ့ အဲဗာတန်နည်းပြသစ် လမ်းပတ်ရဲ့ ပထမဆုံးထရိန်နင်ဆက်ရှင်၊ Video

တသင်းလုံးလန်းဆန်းတက်ကြွနေတဲ့ အဲဗာတန်နည်းပြသစ် လမ်းပတ်ရဲ့ ပထမဆုံးထရိန်နင်ဆက်ရှင်၊ Video

နည်းပြသစ်လမ်းပတ်နဲ့ အဲဗာတန်အသင်း ပထမဆုံးထရိနင်ဆက်ရှင်မှာ အဲဗာတန်တသင်းလုံး လန်းဆန်းတက်ကြွ နေပါတယ်။ နည်းပြသစ် အိုင်ဒီယာအသစ် ပေါင်းစပ်မှုအသစ် မျှော်လင့်ချက်အသစ်တွေနဲ့ အားလုံးရဲ့ ယုံကြည်မှုဟာ အသစ်တဖန် ပြန်နိုးထလာပုံပါပဲ..။

လမ်းပတ်အနေနဲ့လည်း တနှစ်နီးပါးကြာပြီးမှ Back to work အဖြစ်နဲ့ အလုပ်သစ် စိန်ခေါ်မှုသစ်ဆိုတော့ သူ့ရဲ့ စိတ်အားထန်သန်နေမှုက ဖုံးဖိလို့မရအောင်ပေါ်နေတယ်။ လက်ရှိအဲဗာတန်အသင်းက PL အမှတ်ပေးဇယားမှာ အဆင့် ၁၆။ တန်းဆင်းဇုန်ရဲ့ အဆင့် ၁၈ နေရာက ကာဆယ်ထက် ၄ မှတ်ပဲသာတယ်။ ဒါကြောင့် သူ့ရဲ့ ပထမဆုံးနဲ့ အဓိကအကျဆုံး ဦးစားပေးက အမှတ်ပေးဇယားအောက်ခြေက လွတ်မြောက်ဖို့ပဲ။

အဲ့အတွက်လည်း ဆောင်းရာသီစျေးကွက်မှာ ယူရိုသန်း ၄၀ နီးပါးအကုန်ကျခံပြီး လူငယ်အများစုပါဝင်တဲ့ လူသစ် ၅ ဦး ထပ်အားဖြည့်ပေးထားတယ်။ နည်းပြသစ်လက်အောက်မှာ အင်အားသစ်နဲ့တက်ကြွနေတဲ့ အဲဗာတန်အသင်း လာမယ့်စိန်ခေါ်မှုတွေကို ကျော်ဖြတ်သွားနိုင်မလား.?
စောင့်ကြည့်ရအောင်ပါ။

Zawgyi

တသင္းလုံးလန္းဆန္းတက္ႂကြေနတဲ့ အဲဗာတန္နည္းျပသစ္ လမ္းပတ္ရဲ႕ ပထမဆုံးထရိန္နင္ဆက္ရွင္၊ Video

နည္းျပသစ္လမ္းပတ္နဲ႔ အဲဗာတန္အသင္း ပထမဆုံးထရိနင္ဆက္ရွင္မွာ အဲဗာတန္တသင္းလုံး လန္းဆန္းတက္ႂကြ ေနပါတယ္။ နည္းျပသစ္ အိုင္ဒီယာအသစ္ ေပါင္းစပ္မႈအသစ္ ေမွ်ာ္လင့္ခ်က္အသစ္ေတြနဲ႔ အားလုံးရဲ႕ ယုံၾကည္မႈဟာ အသစ္တဖန္ ျပန္ႏိုးထလာပုံပါပဲ..။

လမ္းပတ္အေနနဲ႔လည္း တႏွစ္နီးပါးၾကာၿပီးမွ Back to work အျဖစ္နဲ႔ အလုပ္သစ္ စိန္ေခၚမႈသစ္ဆိုေတာ့ သူ႔ရဲ႕ စိတ္အားထန္သန္ေနမႈက ဖုံးဖိလို႔မရေအာင္ေပၚေနတယ္။ လက္ရွိအဲဗာတန္အသင္းက PL အမွတ္ေပးဇယားမွာ အဆင့္ ၁၆။ တန္းဆင္းဇုန္ရဲ႕ အဆင့္ ၁၈ ေနရာက ကာဆယ္ထက္ ၄ မွတ္ပဲသာတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ ပထမဆုံးနဲ႔ အဓိကအက်ဆုံး ဦးစားေပးက အမွတ္ေပးဇယားေအာက္ေျခက လြတ္ေျမာက္ဖို႔ပဲ။

အဲ့အတြက္လည္း ေဆာင္းရာသီေစ်းကြက္မွာ ယူ႐ိုသန္း ၄၀ နီးပါးအကုန္က်ခံၿပီး လူငယ္အမ်ားစုပါဝင္တဲ့ လူသစ္ ၅ ဦး ထပ္အားျဖည့္ေပးထားတယ္။ နည္းျပသစ္လက္ေအာက္မွာ အင္အားသစ္နဲ႔တက္ႂကြေနတဲ့ အဲဗာတန္အသင္း လာမယ့္စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္သြားႏိုင္မလား.?
ေစာင့္ၾကည့္ရေအာင္ပါ။


RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Popular

Recent Comments